Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ပန်းတောင်းမြို့နယ်ပြန်/ဆက်တွင် စာပေဝါသနာရှင်များနှင့် ဝန်ထမ်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Nov 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်နှင့် စာပေဆိုင်ရာ အတွေးအမြင်များ တုံ့ပြန်ဖလှယ် နိုင်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို၊ နိုဝင်ဘာ(၂၃)ရက်နေ့ မွန်းလွဲ(၃)နာရီက အဆိုပါ ရုံးရှိ လူထုအခြေပြု ဗဟိုဌာန( Community Centre)တွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ အထူးစီမံချက်အရ RDT Test Kit ဖြင့် စစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား တတိယအသုတ် (ဒုတိယအကြိမ်)ထပ်မံထိ…
Nov 24,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ ဦးဆောင်၍အထူးစီမံချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စျေးတန်းရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ခန်းမကာကွယ်ဆေးထိုးစုရပ်တွင် မြို့မအုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး/မပြီး ၊ RDT Test Kit ဖြင့်စစ်ဆေးပြီး ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ချက်ချင်းစာရင်း ကောက်ယူ၍ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီကစတင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၂/၂၀၂၁)ထပ်မံ ဖွင့်လှစ်
Nov 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရေဖြုမြို့နယ် ကြက်ခြေနီ အသင်းက ဦးဆောင်ကြီးကြပ်၍ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း အမှတ်စဉ်(၂/၂၀၂၁) အား ရေဖြူမြို့ (ဂ)ရပ်ကွက်၊ သာသနာ့ရံသီကျောင်း ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာ…
Nov 24,2021
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲနံရံကပ် စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲကို ယမန့်နေ့ ညနေပိုင်း (၄)နာရီအချိန်က မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာတွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား (ပထမအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Nov 24,2021
ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာအတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပေးခြင်းကို ထားဝယ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်တွင် မေတ္တာမြို့၊မြေးခံဘော်ကျေးရွာ၊ ခရစ်ယာန်ဘုရားကျောင်းခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့ များနှင့် တွေ့ဆုံ
Nov 23,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်သည် ယနေ့နံနက် ၁၀ နာရီ အချိန်က ကချင်တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့နှင့် မြောင်ဇီးတိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့တို့အား “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့် အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Nov 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်ကကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Nov 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိသိရှိနိုင်ရန် RDT Test Kit ဖြင့် အခမဲ့ စစ်ဆေး ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ရှိသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နေ့လယ် ၁၁ နာရီခွဲမှစတင်ကာ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း (ဝမ်ကတ်) ၌ ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23987
Page
23988
Page
23989
Page
23990
Current page
23991
Page
23992
Page
23993
Page
23994
Page
23995
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department