မြို့သစ်မြို့နယ်တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

မြို့သစ်        နိုဝင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် ၂၀၂၁ခုနှစ် ၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင် ပွဲနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန(ရုံးချုပ်) မှ   ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်   သတင်းစကား လက်ကမ်းစာစောင် များကိုယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများ ၊  ဒေသခံပြည် သူများနှင့်(Book Club)အဖွဲ့ဝင် များထံသို့ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင်တွင် ၂၀၂၁ ခုနှစ် ၊ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ ၊အမျိုးသား အောင် ပွဲနေ့ဆောင်းပါး ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး ၊ ပညာရေးကဏ္ဍသည် အရေးကြီး ၊ အမျိုးသားရေး စိတ်ဓာတ်၊ အေးအတူပူ အမျှ ၊ အမျိုးသားပညာရေး ၊ ကဗျာဆရာ (ရေနံသာမောင်ကျော်ညွန့်)၏ ဘုန်းရှင့်မြန်မာ တို့မြန်မာက ဗျာ၊ မျိုးချစ်စိတ်ဓာတ် ထိန်းသိမ်းအပ် ကိန်းဝပ်ရှင်သန် ဇာတိမာန် ဆောင်ပုဒ် ၊   နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့ ဆောင်ပုဒ်များ ပါဝင်ပြီး ဒေသခံပြည်သူများ    အမျိုးသား အောင်ပွဲနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ အသိပညာပေးဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် ( ပြန်/ဆက်)