Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သိန္နီမြို့တွင် ပြည်သူများနေအိမ်ပြင်ပထွက်ခွာပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သွားလားရန် အသိပညာပေးနှိုးဆော်
Nov 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာပါက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သွားလားရန် အသိပညာပေးနှိုးဆော်များကို စဉ်ဆက်မပြတ် ဆောင်ရါက်လျက်ရှိရာ ယနေ့နေ့လယ် (၁) နာရီအချိန်ခန့်က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များ ကို ဒေသ နေပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Online စနစ်ဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အများပြည်သူ အသိပညာပေး (Talk Show) နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်
Nov 23,2021
နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အများပြည်သူအသိပညာပေး (Talk Show) ကို ယနေ့ နေ့လယ် (၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ ပြန်လည် စေလွှတ်သူ (၁၄၀) ဦး ထိရှိလာပြီဖြစ်
Nov 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယမန်နေ့ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့တွင် ပထမအကြိမ်အဖြစ် အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား / ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Nov 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက်ရှိ အခြေခံ ပညာ အထက်တန်း ကျောင်း၌ ပထမအကြိမ်အဖြစ် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပထမအကြိမ်အဖြစ် ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း
Nov 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးရွာနှစ်ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းဆိုင်ရာ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဘိုင်းလယ်ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ကျေးရွာများသို့ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိ…
Nov 23,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ နောင်မိုကျေးရွာအုပ်စုရှိ ကောင်းကော်၊ နောင်မို၊ နောင်အွန်၊ ပန်လော့၊ ဟိုပင်ကျိုင်း၊ ကောင်းဆန်းကျေးရွာ(၆)ရွာ နှင့် အမှတ်(၁၄၃) စသည့် နေရာ(၇) နေရာတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအား ယနေ့ နံနက် (၉) နာရီမှ စတင်၍ နောင်အွန်ကျေးရွာခန်းမ စုရပ်နေရာ၌ ကွင်းဆင်း၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာချက်အား ပြည်သူများ သိရှိနိုင်စေရန်အတွက် အရာတော် မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာ
Nov 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း နေထိုင်လျက်ရှိသော အများပြည်သူများ အနေဖြင့် မော်တော်ဆိုင်ကယ်စီးနင်းရာတွင် သိရှိလိုက်နာနိုင်စေရန်အတွက် ဆိုင်ကယ် တစ်စီးလျှင် လူတစ်ဦးသာ စီးနင်းစေရန် ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာချက်အား ပြည်သူများသိရှိနိုင်စေရေး ယနေ့ မွန်းလွဲ ၁ နာရီက အရာတော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးကြေညာပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့နယ်ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Nov 23,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် နေကြသောဝန်ထမ်းများ စာပေမှရသော အသိပညာဗဟုသုတများကို အသုံးချတတ်စေရန် အားလပ်ချိန်တွင် စာပေဖတ်ရှု လေ့လာသည့်အလေ့အကျင့်များရှိစေရန်ရည်ရွယ်၍ စာရေးဆရာ မြနှင်းရည်ရှိန် ရေးသားထားသော "အတွေးမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့" စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲ(၁)နာရီက မချမ်းဘော့မြို့ နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23988
Page
23989
Page
23990
Page
23991
Current page
23992
Page
23993
Page
23994
Page
23995
Page
23996
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department