ဂန့်ဂေါ နိုဝင်ဘာ ၂၄
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဂန့်ဂေါခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် (RC) ၁ ထပ် (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်လျက်ရှိရာ ယခုအခါ (၇၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဂန့်ဂေါခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှူးထံမှ သိရသည်။
တည်ဆောက်လျက်ရှိသော ခရိုင်ဝန်ထမ်းအိမ်ရာသစ်မှာ (၃၄ x ၈၀)ပေ (RC) ၁ ထပ် (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ အတွင်း/အပြင် ရေ၊ မီး၊ Apron & Drain ပါဝင်သောအမျိုးအစားဖြစ်ပြီး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၇၂.၄၀၀) သန်းဖြင့် တင်ဒါအောင်မြင်သော ဆုထူးစံကုမ္ပဏီလီမိတက်မှ တာဝန်ယူကာ ၂၀၂၁ ခုနှစ် ဇွန်လမှစတင်၍ ဆောက်လုပ်နေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ကို အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် (RC) ၁ ထပ် (၄)ခန်းတွဲ ဝန်ထမ်း အိမ်ရာသစ် ဆောက်လုပ်ခြင်းအား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ရက်အတွင်းပြီးစီးရေးကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေးစစ်ကော်မတီနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)