ဒိုက်ဦး နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း (ACLC) သိုလှောင်ရုံ၌ ယနေ့တွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးနှင့်နေကြာစိုက်တောင်သူများအား ဓာတ်မြေသြဇာများကို စျေးနှုံးသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချရာသို့ မြို့နယ်စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ လာရောက် ကြည့်ရှု့ခဲ့ကြသည်။
ဓာတ်မြေသြဇာရောင်းချရာတွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးစိုက်ဧက ၁၇၈၀ နှင့် နေကြာစိုက် ဧက ၄၄ ဧက အတွက် ၂ ဧကလျှင် တစ်အိပ်နှုံးဖြင့် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းထုတ် MPE ယူရီးယားဓာတ်မြေသြဇာ ၉၁၂ အိပ်အားကျေးရွာများသို့ စျေးနှုံးသက်သာစွာဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)