ဘားအံမြို့တွင် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

ဘားအံ နိုဝင်ဘာ  ၂၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် ၁၀၁ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ပိုင်းက ဘားအံမြို့ရှိ အခြေခံပညာကျောင်း များနှင့် လူစည်ကားရာနေရာများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံး ဝန်ထမ်းများက ဖြန့်ဝေခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသား (၁၁) ဦး၏ အမည်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ နှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားခဲ့သည့် အမှာစကားမှ ကောက်နုတ် ချက်၊ အမျိုးသားရေး စိတ်ဓာတ်အကြောင်း၊ ရေနံ့သာမောင်ကျော်ညွန့် ရေးသားသော ဘုန်းရှင့်မြန်မာတို့ မြန်မာ ကဗျာ၊ အမျိုးသားပညာရေးအကြောင်း အစရှိသည့်  အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သော ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရှိရသည်။

သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် နေ့ထူးနေ့မြတ်များတွင် အပါအဝင်ဖြစ်သည့် အမျိုးသားအောင်ပွဲနေ့ကို မမေ့လျော့စေရေးအတွက် ဘားအံခရိုင်ဝန်ထမ်းများက ကျောင်းသား/သူများနှင့် ပြည်သူများအား ၁၀၁ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် (၂၈၀) စောင်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်