နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်

နောင်ချို နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ယမန်နေ့ ညနေ ၄ နာရီအချိန်စ၍ မြို့ပေါ်ရပ်ကွက်နှင့် ကားလမ်းမကြီးတစ်လျှောက်သို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ် အတွင်း အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား လိုက်နာကြရန်၊ တတ်နိုင်သမျှအိမ်မှာနေရန်၊ မဖြစ်မနေအရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှာခေါင်းစည်း (Mask) မဖြစ်အနေ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်လုပ်ကိုင်ရန်၊  အချင်းချင်း အသိပေး/သတိပေးရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်၂၀ကြာအောင် ဆေးကြောကြရန်၊ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် တတ်စွမ်းသရွေ့ စနစ်တကျပါဝင်ပူးပေါင်း ဆောင်ရွက်ကြရန်၊ မိမိတို့၌ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ဆက်သွယ်၍  စစ်ဆေးကုသမှုခံယူကြရန်၊ မိဘပြည်သူများအနေဖြင့်  နံနက် (၄) နာရီမှ မွန်းတည့် (၁၂) နာရီအထိသာ အိမ်အပြင်သို့ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထွက်ခွင့်ပြုမည်ဖြစ်ပြီး မွန်းတည့် (၁၂)နာရီမှ နောက်နေ့ နံနက်(၄) နာရီအထိ ကျန်းမာရေးကိစ္စမှအပ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အိမ်အပြင်ထွက်သူများအား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥကဒေအရ  ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အသိပေးနှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)