ကွန်ဟိန်းမြို့၌ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေး

ကွန်ဟိန်း နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ကို RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းအား ယနေ့နံနက်(၇)နာရီအချိန်ခန့်က သိန်းဖျံ ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တစ်ဦးမှတစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေး၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားကူးစက်မှု ကွင်းဆက်များ အမြန်ဆုံး ဖြတ်တောက်နိုင်ရန်အတွက်ရည်ရွယ်၍ ယနေ့တွင် သိန်းဖျံကျေးရွာနေ ဒေသခံပြည်သူ (၁၀၆)ဦးတို့အား  ကိုဗစ် - ၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေး နိုင်ခဲ့ပြီး  ရောဂါပိုးမတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ စစ်ဆေးပေးခြင်းအား မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်း မရှိသေး သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး‌ ထိုးနှံကြရန် တာဝန်သူရှိများမှ တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ပြည့်(ကွန်ဟိန်း)