ကွန်ဟိန်းမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ကွန်ဟိန်း နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ (၁၀၁) နှစ်မြောက်  အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေခြင်းအား ယနေ့နံနက် (၉) နာရီအချိန်ခန့်က မြို့မစျေးနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက် ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  (၁၁-၄-၂၀၂၁)ရက်နေ့တွင် ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန် ထမ်းများအားတွေ့ဆုံပွဲတွင် ပြောကြားသည့် အမှာစကားမှ ကောက်နှုတ် ချက်၊  အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြု ကြသော ကျောင်းသားကြီး (၁၁) ဦး၊ အမျိုးသားရေးစိတ်ဓါတ်၊ ပညာရေးကဏ္ဍသည် အရေးကြီး၊ အမျိုးသားအောင်ပွဲနေ့အစရှိသည့် အကြောင်းအရာများ၊ ရေနံသာ မောင်ကျော်ညွှန့် ရေးသားသော ဘုန်းရှင့်မြန်မာတို့မြန်မာ ကဗျာအစရှိသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာဖြန့်ဝေခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝမ်ထမ်းများမှ ပြည်သူများဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ​ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည့်(ကွန်ဟိန်း)