လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လက်မှုပညာသင်တန်း အခမဲ့ဖွင့်လှစ်

ကန့်ဘလူ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အမျိုးသမီးအသင်း (Women Club) တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လက်မှုပညာ (အခြေခံစက်ချုပ်ပညာ ဘောင်းဘီတို/ရှည်ညှပ်နည်း) သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ကိုဗစ်- ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် အခြေခံစက်ချုပ်ပညာ ဘောင်းဘီတို /ရှည် ညှပ်နည်းများကို နိုဝင်ဘာ ၂၉  ရက် နှင့် ၃၀ ရက် နှစ်ရက်တာကာလ၌ နည်းပြဆရာမ အမျိုးသမီးအသင်း (Women Club) ဝင် ဒေါ်သန်းသန်းမြင့်က စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား ၁၃ ဦး တက်ရောက်လျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)