ရပ်စောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ရပ်စောက် ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဇော်ဂျီရပ်ကွက်အတွင်းရှိ ရဿဝတီခန်းမ၌ တာဝန်ရှိသူများက ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း အသက်(၁၈)နှစ်အထက် ပြည်သူ (၁၀၃၂၂) ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက် ရှိရာ (၃၀-၁၁-၂၀၂၁) ရက်နေ့အထိ ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ (၃၈၀၄) ဦးရှိပြီး ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ (၄၃၁၃) ဦးရှိပြီဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား သက်ဆိုင်ရာဦးတည်အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)