မိုင်းလုံ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များအတွက် အသိပညာဗဟု သုတတိုးပွါးစေရန် Onlineမှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူး၍ ပြည်သူ့စာကြည့်တိုက် Pageတွင် လွှင့်တင်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဌေးဌေးဝင်းက စာပေဝါသနာရှင် များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် ၊အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ခြင်းအလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ "ကံဆိုသည် မှာစေတနာ"စာအုပ်ဖြင့် စာအုပ်မိတ်ဆက် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် စာအုပ်မိတ်ဆက် ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူ အရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များကို စဉ်ဆက် မပြတ် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)