အိမ်မဲမြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

အိမ်မဲ ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်  မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး  Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလွှမ်းသီဟက မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝေဝေထွန်းက မသန်စွမ်းသူများဆိုင်ရာ ဉာဏ်ရည်ချွတ်ယွင်းနေသူများ၏ လက္ခဏာများ၊ အသိဉာဏ်ပိုင်း မသန်စွမ်းခြင်းဆိုင်ရာများ၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ မသန်စွမ်းသူအမျိုးအစား၊ မသန်စွမ်းသူများ အတွက်ပြဌာန်းပေးထားသည့် အခွင့်အရေးဥပဒေများ၊ မသန်စွမ်းသူများ၏ ပညာရေးနှင့် ပတ်သက်ပြီး ဥပဒေပါ အခွင့်အရေးများ၊ မြန်မာနိုင်ငံတွင်ရှိသည့် မသန်စွမ်းသူများ၏ ပညာတတ်မြောက်မှုနှုန်း၊ မသန်စွမ်းသူများ၏ နိုင်ငံရေးနှင့်ပြည်သူ့ရေးရာ နယ်ပယ် များတွင်ပါဝင်ဆောင်ရွက်ခြင်း၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်များ စသည်တို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ