Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပဉ္စမအသုတ် (ပထမ) အကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ
Dec 03,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက် ပြန့်ပွားမှု အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသခံ ပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ကျန်းမာရေးဝ န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကျင်းပ
Dec 03,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင် လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့ပေးမှု၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ ပူးပေါင်းပါဝင် ထည့်ဝင်လှူဒါန်းမှုဖြင့် မင်းလှမြို့ ပြည်သူ့ဆေးရုံဝန်း အတွင်း၌ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ပြီး၍ အောက်ဆီဂျင် စက်တပ်ထားပြီးဖြစ်ရာ အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲက အဆိုပါ အောက်ဆီဂျင် စက်ရုံ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများအား သိရှိနိုင်စေရန်အတွက် ပိုးကရင်၊ မြန်မာဘာသာတို့ဖြင့် အသိပ…
Dec 03,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြန်မာဘာသာနှင့် ပိုးကရင် ဘာသာစကားတို့ဖြင့် အသိပညာပေးနှိုးဆော်မှုများအား လက်ကိုင်စပီကာ အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၂) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၅၄၈၁) ဦးရှိ
Dec 03,2021
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Gene-Xpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ (၂)ဦးပိုးတွေ့ရှိခဲ့ပြီး ကယား ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ဒီဇင်ဘာလ(၂)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့် ထိတွေ့ ဆက်စပ်သူ(၆၃) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ပိုးမတွေ့ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၂)ဦးအား လွိုင်ကော်ဆေးရုံကြီးတွင် ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့ကျစေရန် ရည်ရွယ်၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်မှုဆောင်ရွက်
Dec 03,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအရောက် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူး သုံးစွဲနည်းများ လက်တွေ့ သရုပ်ပြဆောင်ရွက်
Dec 03,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံ ရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ သုံးစွဲနည်းများ ပြသပေးခြင်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲရေး ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါး(၀.၁၀)စံကွက်ရိတ်သိမ်း တစ်ဧကပျမ်းမျှ (၁၃၈) တင်း ထွက်ရှိ
Dec 03,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ဒေသတွင်း စားနပ်ရိက္ခာ ဝမ်းစာဖူလုံရေး၊ တောင်သူလယ်သမားများ မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးပွားစေရေး၊ လယ်ယာ ထွက်ကုန်များ စျေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးမျိုး ကောင်းမျိုးသန့် စံပြစိုက်ခင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက သင်ပန်းကုန်းရွာမ ကွင်းအမှတ် (၁၁၆၆-က)၊ ဦးပိုင်အမှတ် (၇၁/၁) တောင်သူ ဒေါ်ခိုင်မာဝင်း၏ မိုးစပါးစံပြကွက် မနောသုခ (၆.၁၃)ဧက စိုက်ခင်းတွင် (၀.၁၀)ဧကကို စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံရေး အသိ ပညာပေး လိုက်လံနှိုးဆော်မှုများဆောင်ရွက်
Dec 03,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများကျန်းမာရေးနှင့် ကြိုတင် ကာကွယ်နိုင်မည့် နည်းလမ်းများ သိရှိစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ရောဂါဖြစ်ပွားမှုနှုန်း အမှန်တကယ် လျော့နည်းကျဆင်းစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့ လမ်းဆုံ၊ လမ်းခွများ၊ စျေးများ၊ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူများမှ လိုက်လံနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23800
Page
23801
Page
23802
Page
23803
Current page
23804
Page
23805
Page
23806
Page
23807
Page
23808
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department