ပေါက်ခေါင်း ဒီဇင်ဘာ ၁၁
ပြည်သူလူထုအတွင်း မကူးစက်နိုင်သော ရောဂါများဖြစ်ပွါးမှုကြောင့် အရွယ်မတိုင်ခင်သေဆုံးမှုများကို လျော့ချနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ပြည်သူ့ ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်မျိုးမြတ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဌာန ဆိုင်ရာရုံးများသို့ (NCD) ရောဂါရှာဖွေရေးနှင့် ကုသရေး လုပ်ငန်းများကို အလှည့်ကျဆောင်ရွက်ပေးနေကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စာရင်းစစ်ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား (NCD)မကူးစက်နိုင်သောရောဂါများအကြောင်း အသိပညာပေးရှင်း လင်းပြောကြားခြင်းနှင့် ပဏာမကျန်းမာရေး စောင့်ရှောက်မှုအဆင့် (Primary Health Care Level) မှစ၍ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ ရှိ၊မရှိစစ်ဆေးကုသပေးမှုလုပ်ငန်းများဆောင်ရွက်ပေးပြီး၊ အဆိုပါရောဂါများ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်သည့်ဆေးဝါးများ တစ်လစာပေး ခဲ့ကြောင်းနှင့် နောက်ရက်များတွင်ကျန်ရှိသည့် ဌာနများသို့ ဆက်လက်စစ်ဆေးကုသပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)