အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2021
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ်(၁၀၆) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်ခြင်းကို စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြု လုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 13,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား ပွင့်လင်းရာသီ ကာလ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက် လေ့ကျင့် ခြင်းကို ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီက အဆိုပါ မြို့မစည်ပင်သာယာဈေး၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 13,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဥ်တစ်ရပ်ဖြစ်သည့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ခပ်ချို ကျေးရွာတွင် အဆိုပါစီမံကိန်းအတိုးရငွေဖြင့် ရွာတွင်း(၄၀၀) လျှပ်စစ်ဓာတ်အားလိုင်း (၄၂၅၀ ပေ)အတွင်းရှိ သစ်သားတိုင်များအစား ကွန်ကရစ်တိုင်နှင့် သံလက်တန်းများ လဲလှယ်ခြင်း လုပ်ငန်းကို ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Dec 13,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးနှင့် ရတနာဈေးတို့တွင်ရောင်းချလျက်ရှိသော စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက် ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
Dec 13,2021
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီက စစ်တွေမြို့ဝင်္ကဘာကွင်း၌ ကျင်းပသည်။
Dec 13,2021
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်နှင့်ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ​ယမန်​နေ့နံနက်ပိုင်းက ​ဟွေရှိုအုပ်စု၊ ပါခုံကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနမှ မောင်းကုန်းကျေးရွာ လူငယ်နှင့်ဆိပ်ကမ်းလူငယ်များအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ် ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့မအားကစားကွင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
Dec 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး  အသိပညာပေး လုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်အတွက် အခြေခံပညာကျောင်းများတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း (ဌာနချုပ်) ၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံကပ်ထားခဲ့ကြောင်း သိရသည်။