ထီးချိုင့် ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနမှ မောင်းကုန်းကျေးရွာ လူငယ်နှင့်ဆိပ်ကမ်းလူငယ်များအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ် ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့မအားကစားကွင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အတွင်းလူငယ်လေးများ အားကစားစိတ်ဝင်စားပြီး နိုင်ငံ့ဂုဏ် ဆောင်အားကစားသမားများ ဖြစ်လာစေရန်ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း၊ မိမိတို့ဌာန အနေဖြင့် စာသင်ကျောင်များမှာ အားကစားနှင့်ပတ်သက်သည့်သင်တန်းများဖွင့်လှစ်ခြင်း၊ နည်းပြများဖြင့် ကိုယ် လက်လှုပ်ရှားအားကစားများ လေ့ကျင့်ပြုလုပ်ခြင်း၊ အားကစားနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်သွားရန်ရှိကြောင်း မြို့နယ်အားကာမှူးဦးမင်းထက်ထံမှ သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)