အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း ရှိမိုးကောင်းဆု တောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Dec 14,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ၂၀၂၁-ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉လမ်းညွှန်ချက်နှင့် အညီ အခြေခံပညာကျောင်း(၁၀၁)ကျောင်းအား ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ အထိ အခြေခံပညာကျောင်းသူ/သားပေါင်း(၇၁၃၅)ဦး အေးချမ်းစွာ တက်ရောက် သင်ကြားနေ ကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ နေ့စဉ်မှတ်တမ်းအရ သိရသည်။
Dec 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်နှင့် ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ယနေ့ နံနက် ၈ နာရီက ပုလောမြို့နယ် ခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကို ဆက်လက် ကွင်းဆင်း ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ညွှန်ကြားချက်ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ စီစဉ်မှုဖြင့် ကျန်းမာပြီးကြံ့ကြံ့ခံနိုင်စွမ်းသော ကျေးလက်နေပြည်သူများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အခြေခံရှေးဦးသူနာပြုစုနည်းနှင့် ကျန်းမာရေး အသိပညာပေး သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၂ရက်နေ့ ညနေပိုင်းက ရွှေကျောင်းရိပ်သာတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 14,2021
ပုလောမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပ နိုင်ရေး အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပုလော မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 14,2021
ပွင့်လင်းရာသီ  ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းရှင်းစေရန် အတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီက ပုလောမြို့ စည်ပင်သာယာစျေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
Dec 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇ ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီအချိန်က မြို့ပေါ်ရပ်ကွက် များအနှံ့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အသံချဲ့စက်ဖြင့်  လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ ၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်လျက်ရှိ ကြောင်း သိရသည်။