Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူ ပြည်သူ ၅၉၅ ဦးတို့အား Sinopharm ပထမအကြိမ် ထိုးနှံပေး
Dec 13,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူ ၅၉၅ ဦးတို့အား ပထမအကြိမ်အဖြစ် သတ်မှတ်ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဆောင်ရွက်
Dec 13,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဝေါလေမြိုင်မြို့ရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဝေါလေမြိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်၍ " မိဘ အသိပညာပေး " ပြုလုပ်
Dec 13,2021
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ မူကြိုကျောင်းရှိ ကျောင်းသား မိဘများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ " မိဘ အသိပညာပေး " ပွဲ ကို ယနေ့ နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒေးဝန်းမူလတန်းကြိုကျောင်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံကြ…
Dec 13,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်
Dec 13,2021
ရှမ်းပြည်နယ်( မြောက်ပိုင်း )၊ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးနှိုးဆော်
Dec 13,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ကလိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး မြန်မာ ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်နှင့် နှာခေ…
Dec 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီ အချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (mask) များနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အုန်းကြော ကျေးရွာ(သစ်)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်၌ အခမဲ့သင်ကြားသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်နည်း သင်တန်းဆင်းပွဲ ကျင်းပ
Dec 13,2021
အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုနှစ် ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ အခမဲ့ဖွင့်လှစ်သင်ကြားသည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23768
Page
23769
Page
23770
Page
23771
Current page
23772
Page
23773
Page
23774
Page
23775
Page
23776
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department