Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တနင်္သာရီမြို့၌မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အောင်မင်္ဂလာဈေး(၁)နှင့်အောင်မင်္ဂလာဈေး(၂)တို့အား(ဒုတိယ)အကြိမ်စစ်ဆေး
Dec 14,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြိုံနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးစေ ရေးအတွက် ယမန်နေ့ ညနေ ၃နာရီအချိန်က ချောင်းငယ်ရပ်ကွက် ဈေးလမ်းရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အောင်မင်္ဂလာဈေး(၁)နှင့်အောင်မင်္ဂလာဈေး(၂)တို့ အတွင်း/ အပြင်နေရာများအား (ဒုတိယ)အကြိမ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်း အဝေးအမှတ်စဉ် (၆/၂၀၂၁) ကျင်းပ
Dec 14,2021
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၁)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁ )ကို ဒီဇင်ဘာ (၁၃)ရက်နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် တိုင်းရင်းသားပြည်သူ ၁၂၆၆၀ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးပြီဖြစ်
Dec 14,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းအချိန်ထိ တိုင်းရင်းသားပြည်သူ ၁၂၆၆၀ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးပြီးပြီဖြစ်ကြောင်း၊ ယနေ့တွင်လည်း ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ ၌ အသက် (၁၈)နှစ်နှစ်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှတာဝန်ရှိသူ တစ်ဦးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့် အထက် ပြည်သူများအား (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Dec 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့် အထက် ပြည်သူ များနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူ(၄၉၈)ဦးအား ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက သုဝဏ္ဏ ၂၄ ရပ်ကွက် ရေနံသာလမ်းရတနာမြေဓမ္မာရုံ၌ ယမန်နေ့ နံနက် ၈ နာရီမှ ၃ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်အတွင်း ဒီဇင်ဘာလ(၁၃)ရက်နေ့အထိ အခြေခံပညာကျောင်း(၁၀၁)ကျောင်းဖွင့်လှစ်သင်ကြားလျက်ရှိ
Dec 14,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများအား ၂၀၂၁-ခုနှစ်၊နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းအခြေခံပညာ ကျောင်း ပေါင်း(၁၄၁)ကျောင်းရှိသည့်အနက် ဒီဇင်ဘာလ၁၃ရက်နေ့တွင် မူလွန်-သာရဘွင်အရှေ့ ကျောင်း အား ထပ်မံဖွင့်လှစ်နိုင်သဖြင့် ယနေ့အထိ ကျောင်းပေါင်း(၁၀၁)ကျောင်းအထိ တိုးချဲ့ဖွင့် လှစ်နိုင်ခဲ့ ပြီး ကျန်(၄၀)ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူ့လက်ဝယ်အရောက် ပေးအပ်
Dec 14,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ "ပန်းခင်း" စီမံချက်ဖြင့် အမှတ်(၁၀) ရပ်ကွက်သို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက် တာဝန်ရှိသူများက မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှင့် ကာကွယ်ဆေးများ မဖြစ်မနေ ထိုးနှံကြရေး အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်နှင့်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်း ရောဂါပိုးများ ကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ အသိပညာပေးနှ…
Dec 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်- ၁၉ မျိုးကွဲ ဗီဇပြောင်းရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ အသိပညာပေးနှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရက်ကွက်များနှင့် လူစည်ကားရာနေရာ များသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23765
Page
23766
Page
23767
Page
23768
Current page
23769
Page
23770
Page
23771
Page
23772
Page
23773
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department