သရက် မေ ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Phase-11) ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့မှစတင်၍ ရပ်ကွက်/ ကျေးရွာများအလိုက် သတ်မှတ်စုရပ် နေရာများတွင် ထိုးနှံပေးသွား မည်ဖြစ်သဖြင့် ကျောင်းသား/ ကျောင်းသူများ၏ မိဘများအနေဖြင့် ကျောင်းအပ်လက်ခံမည့် (၂၆) ရက်နေ့တွင် သက်ဆိုင်ရာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးကြေညာထားပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်းနှင့် အသိပေးနှိုးဆော်ခြင်း များကို လှည့်လည်ဆောင်ရွက်လျက်ရှိသည်။
သရက်မြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂) နှစ် အတွင်း ကျောင်းသား/ ကျောင်းသူ (၆၃၀၇)ဦးရှိပြီး အခြေခံပညာကျောင်းသား/ ကျောင်းသူ (၆၂၅၃) ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသား၊ ကျောင်းသူ (၅၄) ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်ပြန်/ ဆက်