မဟာအောင်မြေ မေ၂၆
မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်တွင် ကလေးသူငယ်များကျောင်းသား/ကျောင်းသူများ စာပေနှင့်အမြဲထိတွေ့မှုရှိစေရန်အတွက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာစေရန်၊ ဗဟုသုတအတွေးအမြင်များရရှိစေရန်၊ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းတည့် (၁၂) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ပေးရာ ကျောင်းသား/ကျောင်းသူများအား စာဖတ်စွမ်းရည်မြင့်မားစေရန်အတွက် မိမိတို့နှစ်သက်သည့် သုတ၊ ရသစာအုပ်များ၊ ကဗျာစာအုပ်များ၊ ပုံပြင်စာအုပ်များအား တစ်ဦးချင်းစီဖတ်ရှုစေပြီး စာပေကိုစိတ်ဝင်စားလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်ခြားတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးတိုး တက်ကောင်းမွန်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လစဉ်စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း စာကြည့်တိုက်မှူး ဒေါ်သရဖီဖြိုးထံမှ သိရ သည်။
အောင်ဇော်မင်း