အမရပူရမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆပ်ပြာဆီချက် နည်းသင်တန်း ပြုလုပ်ဆောင်ရွက်

အမရပူရ မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နေ့လယ်(၁)နာရီအချိန်က ဆပ်ပြာဆီချက်နည်းသင်တန်းကို  ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက အိမ်တွင်းမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မိမိနေအိမ်တွင် ပြုလုပ်အသုံးချနိုင်ရန် ရည်ရွယ်၍ သင်တန်းပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းတွင် လက်တွေ့ပြသသင်ကြားပေးမည့် ဒေါ်ခင်ခန့်ခန့်ချောက ဆပ်ပြာဆီချက်ရန် ကုန်ကြမ်းတစ်ဖုံကို မိမိကြိုက်နှစ်သက်ရာ အမွှေးနံ့အလိုက်ဝယ်ယူပြီး ရေသန့်(၁၄)လီတာ (ရေသန့်ဗူး-၁၄ဗူး)နှင့် ရောကာ အချိန်(၄၅) မိနစ် ခန့်မွှေပေးပြီးအချိန် တစ်ရက်ခန့်နှပ်၍ အသုံးပြုနိုင်ကြောင်း ရှင်းလင်းပြောကြားကာ လက်တွေ့ပြသခဲ့ရာ တက်ရောက်လာသည့် သင်တန်းသား/သူများများက စိတ်ဝင်စားစွာ ကြည့်ရှုသင်ကြားကြကြောင်း သိရသည်။

တင်တင်လှ-အမရ