ကလေးမြို့တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကလေး မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြု ဗဟိုဌာန (Community Center) တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းထိုက်က ဆွေးနွေးခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွောလ်ဆွင်းဗန်က ဆွေးနွေးပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမင်းထိုက်က ရေဘေး အန္တရာယ်နှင့်ပတ်သက်၍ ကလေးခရိုင်အတွင်းအသွင်တူဇာတ်တိုက် လေ့ကျင့်သင်ကြားပေးမှုများ၊ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်တို့တွင် ကမ်းထိန်းနံရံတည်ဆောက်မှုများ၊ မြို့တွင်း၌ရေစီးရေလာ ကောင်းမွန်စေရန် ကျောက်စီရေမြောင်းတည်ဆောက်မှုများ၊ ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့် မိသားစုများအား နေအိမ်နှင့် စားနပ်ရိက္ခာကူညီထောက်ပံ့မှု စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး အကူအညီများလိုအပ်ပါက ဦးစီးဌာန၏ အရေးပေါ်ဖုန်း ၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇ တို့ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် စာပေချစ်မြတ်နိုးသူများဖြင့် အသိပညာပေး ဆွေးနွေးပွဲ များ၊ ကလေးများဆိုင်ရာ စွမ်းရည်ပြပြိုင်ပွဲများကို အပတ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)