Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စလင်းမြို့နယ်တွင် ကျေးရွာအုပ်စု(၃)စုမှ အိမ်ထောင်စု(၃၂)စုနှင့် လူဦးရေ(၁၁၈)ဦး ဧရာဝတီမြစ်ကမ်းပါးပြိုကျမည်စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့
May 28,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃)အုပ်စုဖြစ်သည့် သနပ်ကုန်းကျေးရွာ၊ ငွေသောင်ကျေးရွာ၊ သရက်ကုန်းကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု(၃၂)စုတို့သည် ယမန်နေ့ဧရာဝတီမြစ်ကမ်းပါးများ ရေတိုက်စား၍ ပြိုကျမည်စိုးရိမ်ရသဖြင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်စေရန် Mask Campaign ပြုလုပ်
May 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပွား လျက်ရှိသောကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အများပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပနှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာမှု ရှိစေရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်တွင် အများပြည်သူသွားလာရာနေရာများ၊ လူစည်ကားရာနေရာများ၊ ဈေးများအတွင်း အသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်နေခြင်းများ လိုက်လံကြည့်ရှု
May 28,2022
အခြေခံကျောင်းများတွင် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာစေရေးနှင့် ကျောင်းဝန်းများအတွင်း အမှုက်သရိုက်များကင်းစင်ကာ ကျောင်းသား ကျောင်းသူလူငယ်လေးများ စိတ်ချမ်းမြေ့စွာ ပညာသင်ယူလေ့လာနိုင်ရေးအတွက် စုပေါင်း သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းကစစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃)နှင့်အမှတ် (၄) ကျောင်းတို့အတွင်း စုပေါင်းသန့်ရှင်းရေးများ တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြပြီးသန့်ရှင်းရေးဆောင်ရွက်နေမှုများကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် လိုက်လံကြည့်ရှုခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့နယ်၌ ပစ္စည်းဟောင်းဆိုင်များနှင့် ပတ်သက်သည့် အစည်းအဝေး ကျင်းပပြုလုပ်
May 28,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အတွင်းရှိ ပစ္စည်းအဟောင်းဆိုင်များနှင့် ပတ်သက်သည့် အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာရောင်းချပေး
May 28,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေး နှင့် စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီစီစဉ်မှုဖြင့် ယနေ့နံနက် ၈ နာရီအချိန်ကဌာနာရပ်ကွက်၊ အလုံမြို့နယ်ခန်းမရှေ့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥနှင့် အသား၊ ငါးများ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေစကြိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဖွင့်လှစ်သင်ကြားနိုင်ရေး ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များပေးအပ်
May 28,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များပေးအပ်ပွဲ အခမ်းအနားကို ရေစကြိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်န်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
May 28,2022
မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန် တုပ်ကွေးရောဂါနှင့် ခြင်မှ ဖြစ်ပွားတတ်သည့် ရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ (၃၅)ရပ်ကွက်၊ နဝဒေးလမ်းနှင့် (၃၇)ရပ်ကွက်၊ ပြည်ထောင်စုလမ်းတို့၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က နေအိမ်များတွင် ခြင်ဆေး ဖြန်းခြင်း၊ ရေစည်၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် မေ ၂၇ ရက်ထိ ကျောင်းသား၊ ကျောင်းသူလာရောက် အပ်နှံသူ (၁၇၈၀၀)ထိရှိ
May 28,2022
“ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံအဝှမ်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ စတင်ကာ ဇွန် ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ်သတ်မှတ်ခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများ ကျောင်းအပ် လက်ခံခြင်းများကို ယနေ့ နံနက် ၉ နာရီမှညနေ ၃ နာရီထိ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20428
Page
20429
Page
20430
Page
20431
Current page
20432
Page
20433
Page
20434
Page
20435
Page
20436
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department