ဝါးခယ်မ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပွားလျက်ရှိသောကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အများပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာမှုရှိစေရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ကအများပြည်သူသွားလာရာနေရာများ၊ လူစည်ကားရာနေရာများ၊ ဈေးများအတွင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နည်စည်ပင်သာယာရေးအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ အများပြည်သူ သွားလာရာနေရာများ၊ ဈေးများ၊ လူစည်ကားရာနေရာများတွင်ပါးစပ်နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာမှုမရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် ပါစပ်နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း မရှိသူများကို Mask (၁၀၀၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ သွားလာကြစေရန် အသိပညာပေးခြင်းများ၊ အသိပညာပေးလက်ကမ်းစာစောင်များပါ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)