အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာရောင်းချပေး

အလုံ   မေ ၂၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေး နှင့် စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီစီစဉ်မှုဖြင့် ယနေ့နံနက် ၈ နာရီအချိန်ကဌာနာရပ်ကွက်၊ အလုံမြို့နယ်ခန်းမရှေ့တွင်  အ​ခြေခံစား​သောက်ကုန်များဖြစ်သည့် ကြက်ဥနှင့်အသား၊ငါးများ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ထို့သို့ရောင်းချပေးခဲ့ရာတွင် ကြက်တစ်ပိဿာ၇၀၀၀ကျပ်၊ ဆိတ်သားသားတစ်ပိဿာ ၂၂၀၀ဝ ကျပ်၊ အရိုးအသားတစ်ပိဿာ ၁၇၀၀ဝကျပ်၊ ကလီစာတစ်ပိဿာ  ၁၇၀၀ဝကျပ်၊ အမဲသား တစ်ပိဿာ၁၂၀၀ဝကျပ်၊ ဝက်သားအဆီအသားတစ်ပိဿာ ၁၂၀၀၀ကျပ်၊ ဝက်သားလှိုင်းသား /အသားရှယ်တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ နံရိုးတစ်ပိဿာ ၁၀၀၀ဝ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ  ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် စည်ပင်သာယာရေးဝန်ထမ်းများက စျေးလာရောက်ဝယ်ယူကြသူများ စနစ်တကျဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်၊၊

တင်တင်ချို (ပြန်/ဆက်)