အမြို့မြို့အနယ်နယ်သတင်းများ

May 31,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်‌​​ ခရိုင်နှင့်မြို့နယ် ကျောင်းအပ်နှံ‌​ရေး‌​နေ့ အခမ်းအနားကို ယမန်နေ့နံနက်၉နာရီအချိန်က  ရွှေဘိုမြို့ အ ထ က(၂)တွင် ကျင်းပရာ အခမ်းအနားတွင် မျိုးဆက်သစ် ကျောင်းသား/သူများက မြန့်မာ့ကျောင်းသားသီချင်းဖြင့် ‌အခမ်းအနားဖွင့်လှစ်​​ပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်​ရေး​ကောင်စီသည်၊ ဦးတည်ချက်(၉)ရပ် ချမှတ်​ဆောင်ရွက်လျက်ရှိရာ
May 31,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
May 31,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သနပ်ပင်မြို့နယ် အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခြင်းတို့အား ယမန်နေ့ နံနက်ပိုင်းက ကမာဖရံကျေးရွာ၌ ပြုလုပ်ခဲ့ကြသည်။
May 31,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်သူရိန်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပခဲ့သည်။
May 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း၌ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၏ လူမှုရေးပင်စင်ငွေများကို ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီနှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများဆီသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။ 
May 31,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် အတွင်းရှိ မိုးစပါးအထွက်နှုန်းနည်းသော တောင်သူများအား စပါးမျိုးကောင်းမျိုးသန့် ဖြန့်ဖြူးခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက လယ်ဝေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။