အမြို့မြို့အနယ်နယ်သတင်းများ

May 31,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဗိုလ်ချုပ်ပန်းခြံအား အများပြည်သူ စိတ်အပန်းဖြေနိုင်ရေးအတွက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ယ‌‌နေ့နံနက်က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ဆွေနှင့်‌ ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
May 31,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မေ ၃၁ ရက်နံနက် ၈ နာရီမှစ၍ ကိုယ်၀န်ဆောင်မိခင်၊ မွေးကင်းစကလေးနှင့် နှစ်နှစ်အောက် ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိရာ မြို့နယ်ခြားမှ ကိုယ်၀န်ဆောင်မိခင်နှင့်ကလေးအများအပြားလာရောက် ဆေးထိုးဆေးတိုက်ပြုလုပ်လျက်ရှိသည်။
May 31,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်အတွက် ကျေးရွာနေပြည်သူများ သောက်သုံးရေရရှိရေး အကောင်အထည်ဖော်လုပ်ငန်းများများဖြစ်သော ရေကန်ငယ်တူးဖော်ခြင်း၊ ကျောက်စီနှုန်းထိန်းတမံငယ်တည်ဆောက်ခြင်း၊ မိုးရေစုကန်တည်ဆောက်ခြင်း၊ မြေအောက်ရေ အဝီစိတွင်းတူးခြင်းလုပ်ငန်းများကို လုပ်ဆောင်ပြီးဖြစ်ကြောင်း မြင်းခြံခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမော်နိုင်ထံက သိရသည်။
May 31,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံးပညာသင်ယူခွင့်ရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်၈နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှေ့မျက်နှာစာတွင်ကျင်းပခဲ့ရာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  ကျောင်းအပ်နှံရေးနေ့အခမ်းအနားဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့်  သီဆိုဖျော်ဖြေကြသည်။
May 31,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်း၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရေဖြူမြို့၊ လူထုအခြေပြုဗဟိုဌာန ( Community Center) တွင် ယမန်နေ့မွန်းလွဲ(၁) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 31,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကမ်းခြေ၌ ငါးဖမ်းလှေများအားLife Jacketဝတ်ဆင်ထားရှိရေးအား အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀  နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။