၂၀၂၂-၂၀၂၃ ပညာသင်နှစ်​ ရွှေဘိုခရိုင်နှင့်​ရွှေဘိုမြို့မြို့နယ်​ ကျောင်းအပ်​နှံ​ရေး​နေ့အခမ်းအနားကျင်းပ

ရွှေဘို မေ ၃၁

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်‌​​ ခရိုင်နှင့်မြို့နယ် ကျောင်းအပ်နှံ‌​ရေး‌​နေ့ အခမ်းအနားကို ယမန်နေ့နံနက်၉နာရီအချိန်က  ရွှေဘိုမြို့ အ ထ က(၂)တွင် ကျင်းပရာ အခမ်းအနားတွင် မျိုးဆက်သစ် ကျောင်းသား/သူများက မြန့်မာ့ကျောင်းသားသီချင်းဖြင့် ‌အခမ်းအနားဖွင့်လှစ်​​ပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်​ရေး​ကောင်စီသည်၊ ဦးတည်ချက်(၉)ရပ် ချမှတ်​ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်​ရေးနှင့်ပညာရည်မြင့်မား​ရေးဆိုသည့် လူမှု​ရေးဦးတည်ချက်ကို ထည့်သွင်းအ​ကောင်အထည်​ဖော်​ဆောင်ရွက်လျက်ရှိရာ၊ နိုင်ငံ​တော်၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်​​စေရန်၊ မျိုးဆက်သစ်လူငယ်များ၏ ပညာ​ရေမြင့်မား​ရေးအတွက် ပညာသင်ယူမှု အခွင့်အလမ်းပုံမှန်ပြန်လည်ရရှိ​ရေးကို အထူးအ​လေးထားကြိုးပမ်း​ဆောင်ရွက်လျက်ရှိ​ကြောင်း၊ အနာဂါတ်​ခေါင်း​ဆောင်များအတွက် အ​ခြေခံပညာ​ရေးသည်များစွာအဓိကကျ​ကြောင်း၊ ပညာရည်မြင့်မားမှ နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊ မိဘတိုင်းသည် မိမိသားသမီးတိုးတက်ရန်အတွက် ကျောင်းအပ်ရမည်ကြောင်းပြောကြားပြီး၊ ခရိုင်ပညာရေးမှူး ဦးစိုးနိုင်က ​ကျောင်းအပ်နှံမှုအ​ခြေအ​နေ၊​​ ပညာ​ရေးစနစ်အ​ကြောင်းများကို ရှင်းလင်း​ဆွေး​နွေးခဲ့​ကြောင်းသိရသည်။

ထို့​နောက်​ရွှေဘိုခရိုင်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများအတွက် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ အမှတ်(၈)စစ်အ​ခြေခံ​လေ့ကျင့်​ရေးတပ် တပ်နယ်မှူး၊ ခရိုင်ပညာ​ရေးမှုး၊ မြို့မိမြို့ဖ၊ ခရိုင်အမျိုးသမီး​ရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အလှူ​ငွေနှင့်​ကျောင်းသုံးစာအုပ်များ​​ထောက်ပံ့ပေးအပ်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့​ကြောင်းသိရသည်။

အခမ်းအနားသို့ အမှတ်(၈)စစ်လေ့ကျင့်ရေးတပ် တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အမျိုးသမီး​ရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး/မြို့နယ်ပညာ​ရေးမှူးနှင့် ဆရာဆရာမများ၊​ ကျောင်းသား/သူများတက်​ရောက်ခဲ့​ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်