ရေဖြူ မေ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်း၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရေဖြူမြို့၊ လူထုအခြေပြုဗဟိုဌာန ( Community Center) တွင် ယမန်နေ့မွန်းလွဲ(၁) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ရေဖြူမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြင့်က မြို့နယ်ကြက်ခြေနီတပ်အသင်း၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်အစည်းအဝေးတက်ရောက်လာသည့် ကြက်ခြေနီအသင်းဝင်များက သင်တန်းဖွင့်လှစ်နိုင်မှု၊ ရန်ပုံငွေရရှိမှု၊ တစ်လတာအတွင်း ပရဟိတလုပ်ငန်းများ ဆောင်ရွက်နိုင်မှုတို့ကိုတင်ပြကြရာ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြန်လည်ရှင်းလင်းဆွေးနွေးညှိနှိုင်းပေးခဲ့ပြီး အဆိုပါအစည်းအဝေးကို ကြက်ခြေနီအသင်းဝင် (၃၀)ဦးတို့ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
ဖြူဖြူရှိန် (ရေဖြူ)