Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြိုင်ကြီးငူနှင့်ကမမောင်းမြို့ရှိ တိုက်ပွဲရှောင်မိသားစုများနှင့်ကျောင်းသား/သူများအား ဆန်၊ ဆီနှင့် ပညာသင်စရိတ်များထောက်ပံ့
Jun 01,2022
ဖာပွန်မြို့နယ်နှင့်ကမမောင်းမြို့ရှိကျေးရွာအချို့တွင် နယ်မြေအခြေအနေအရ မြိုင်ကြီးငူအထူးဒေသနှင့်ကမမောင်းမြို့တို့တွင် ယာယီတိမ်းရှောင်ရောက်ရှိနေသော တိုက်ပွဲရှောင်မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ဆီနှင့်ပညာသင်စရိတ်ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို မေလ ၃၀ ရက်နေ့နံနက်ပိုင်းက မြိုင်ကြီးငူအေးလင်သာယာ ကျောက်စာကွင်းနှင့် ရွှေမြတ်မျိုးကြွယ်(အုန်းတော)ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 01,2022
ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့ရှိ ကျေးရွာအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် အဆိုပါဒေသများတွင်နေထိုင်ကြသော တိုင်းရင်းသားပြည်သူများသည် မြိုင်ကြီးငူအထူးဒေသနှင့်ကမမောင်းမြို့ရှိ တိုက်ပွဲရှောင်စခန်းများနှင့် ဆွေမျိုးများနေအိမ်တို့တွင် ယာယီတိမ်းရှောင်ရောက်ရှိနေထိုင်လျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်တွင် ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည့် ပဲပုပ်သီးနှံများ တစ်နိုင်တစ်ပိုင်စိုက်ပျိုး
Jun 01,2022
ရွာငံမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကအခြေခံ၍ လုပ်ကိုင်ကြရာ ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည့် ပဲပုပ်သီးနှံများကိုလည်း ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ ရေလှကျေးရွာအတွင်းရှိ တောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ် ပညာရေးဌာနသို့ ရတနာစီးပွားစီမံကိန်းကုမ္ပဏီမှ ငွေကျပ်(၁၂၇၈)သိန်းကျော်တန်ဖိုးရှိ ကျောင်းဆောင်သစ်(၂)ဆောင်နှင့် ပစ္စည်းများလွှဲအပ်လှူဒါန်း…
Jun 01,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ပညာရေးဌာနသို့ ရတနာစီးပွားစီမံကိန်းကုမ္ပဏီ(ကံပေါက်)မှ ငွေကျပ်(၁၂၇၈) သိန်းကျော်တန်ဖိုးရှိ ကျောင်းဆောင်သစ် (၂)ဆောင်နှင့်ပစ္စည်းများကို ပြီးခဲ့သည့်မေလ (၂၈)ရက်နေ့ ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် လွှဲအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းနောင်မြို့ Community Center ခန်းမတွင် အမျိုးသမီးများအကြမ်းဖက်ခြင်းမှ ကာကွယ်ရေးဥပဒေများအကြောင်း ဆွေးနွေးပွဲပြုလုပ်
Jun 01,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ ပြန်/ဆက်ဦးစီးဌာန Community Center ခန်းမတွင် အမျိုးသမီးငယ်များနှင့် အိမ်ထောင်ရှင်အမျိုးသမီးများ၏ ဘဝလုံခြုံမှုရှိရေး၊ နှောင့်ယှက်ခြင်း၊ အကြမ်းဖက်ခြင်းများမှ ကာကွယ်ရေးတို့အတွက် အမျိုးသမီးများ အကြမ်းဖက်ခြင်းမှကာကွယ်ပေးသည့် ဥပဒေများအကြောင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်၊ ညောင်ပင်သာ ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဆင်းပွဲကျင်းပ
Jun 01,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင်ကျေးလက်နေ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်းအထောက် အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များနှင့် အာဟာရမုန့်များ ကွင်းဆင်းထောက်ပံ့
Jun 01,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးကောင်းမွန်၍ အာဟာရဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး လူမှုရေးပင်စင်ငွေနှင့် အာဟာရမုန့်များကို ယမန်နေ့က အိမ်တိုင်ရာရောက်သွားရောက်၍ ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်ပါ ဦးတည်ချက်များနှင့်အညီ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20367
Page
20368
Page
20369
Page
20370
Current page
20371
Page
20372
Page
20373
Page
20374
Page
20375
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department