လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာကမ်းခြေ၌ ငါးဖမ်းလှေများအား Life Jacket ဝတ်ဆင်ထားရှိရေး လေ့ကျင့်ပညာပေးခြင်းဆောင်ရွက်

လောင်းလုံး  မေ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကမ်းခြေ၌ ငါးဖမ်းလှေများအားLife Jacketဝတ်ဆင်ထားရှိရေးအား အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀  နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာ၌ လောင်းလုံးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမျိုးဇော်ဦးနှင့်အဖွဲ့များက ရေလုပ်သားများအားLife Jacketဝတ်ဆင်ထားရှိရေးနှင့်ပတ်သက်အသိပညာပေးနှိုးဆော်ပြီး ရေပြင်သက်ကယ်လေ့ကျင့်ခြင်း၊ ရေပြင်မီးငြှိမ်းသတ်ရေး လေ့ကျင့်ခြင်း၊ ရေယာဉ်အားစမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)