အမ်းမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရုံးဖွင့်ပွဲကျင်းပ

အမ်း ဇွန် ၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခခံစားကြရသည့် ပြည်သူများအား လတ်တလောစားဝတ်နေရေး ပြေလည်စေရေးအတွက် ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးကို ယနေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးက အဖွင့်အမှာစကားပြောကြားပြီး ကျောက်ဖြူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဝင်းစိုးက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံး ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)