မြစ်ကြီးနားမြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

မြစ်ကြီးနား ဇွန် ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ  လစဉ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက   စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက ရပ်ကွက်ကျေးရွာများ သန့်ရှင်းသာယာလှပရေးနှင့် မိုးရာသီကာလဖြစ်သောကြောင့် ရေစီးရေလာကောင်းမွန်စေရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက  မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များ၊ သိရှိလိုသည်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးက လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)