လွိုင်လင် ဇွန် ၃
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်မှစတင်၍ ဖွင့်လှစ်ပညာသင်ကြား ပေးလျက်ရှိသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၄၉ ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း (၂) ကျောင်းရှိရာ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံမှု ကျောင်းသား/သူ ဦးရေမှာ မူလတန်းတွင် (၁၃၁၀၉)ဦး၊ အလယ်တန်းတွင် ၂၅၄၈ ဦး၊ အထက်တန်းတွင် ၈၇၁ ဦး ၊ စုစုပေါင်း (၁၆၅၂၈) ဦး အပ်နှံထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး အေးချမ်းစွာ ပညာသင်ကြားနေမှုကို လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းထွန်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ၍ ကျောင်းသားအင်အားနှင့်စာသင်ခုံ၊ စာသင်ခန်း၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ ပြည့်စုံလုံလောက်မှုရှိ/မရှိ ကျောင်းဆရာ/ ဆရာမအင်အားတို့ကို မေးမြန်းဆွေးနွေးကာ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန် ကျောင်းသန့်ရှင်းရေးကိစ္စများကိုလည်း အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
လွိုင်လင်မိုး