ဖား​ဆောင်းမြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများထိုးနှံ​

ဖား​ဆောင်း  ဇွန် 

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ​ကျောက်းသား/သူများ ကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန်၊ ကိုဗစ်-၁၉​ရောဂါ ကွင်းဆက်ပြတ်​တောက်နိုင်ရန်နှင့်​ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယ​မန်နေ့နံနက် ၈ နာရီအချိန်က အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများ ထိုးနှံ​ပေးလျက်ရှိ​ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများ ထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာ​ရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်ကျန်းမာ​ရေးဝန်ထမ်းများက အသက်(၅)နှစ်မှ(၁၂)နှစ်​အထိ ​ကျောင်းသား၊​ကျောင်းသူက​လေးငယ်များအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးထိုးစုရပ်​နေရာဖြစ်သည့် အ​ခြေခံပညာအထက်တန်း​ကျောင်းဖား​ဆောင်းနှင့် အ​ခြေခံပညာအထက်တန်း​ကျောင်းခွဲ(ခဲမဖြူ) ပညာရတနာခန်းမ​ဆောင်အတွင်း၌ ကျန်းမာ​ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ​ ဆေးမထိုးနှံ​ပေးမီ ကိုယ်အပူချိန်တိုင်းတာ​ပေးခြင်း၊​ဆေးထိုးပြီးသူများ မိနစ်(၃၀)ခန့်နား​နေ​စောင့်ကြည့်ခြင်းများ​ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို (၂-၆-၂၀၂၂)ရက်​နေ့မှစ၍ ရက်အကန့်အသတ်မရှိ​ဆေးထိုးစုရပ်အလိုက် ထိုးနှံ​ပေးမည်ဖြစ်ပြီး ထိုးနှံ​ပေးမည့်​ဆေးအမျိုးအစားမှာ Sinopharm ​ဆေးအမျိုးအစားဖြစ်​ကြောင်း သိရသည်။

နန်းသဲနု​အောင်