တကောင်းမြို့၌ အခြေခံပညာကျောင်းများ၌ ဖွင့်လှစ်သင်ကြား

တကောင်း ဇွန်  ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်ပိုင်းမှ  စတင်ဖွင့်လှစ်ပြီးဖြစ်ရာ  ယနေ့နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

တကောင်းမြို့ရှိ အခြေခံပညာအထက်ကျောင်းနှင့်မြို့မ (..က)ကျောင်းတို့၌  မူလတန်းအဆင့်(၄၆၈)ဦး၊ အလယ်တန်းအဆင့် (၁၈၀)ဦး၊ အထက်တန်းအဆင့် (၈၀)ဦး ကျောင်းသား/သူ စုစုပေါင်း (၇၂၈)ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိကြောင်းသိရသည်။

အဆိုပါအခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ဆရာ၊ ဆရာမများ၊ ကျောင်း သား /ကျောင်းသူများ  အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ခန်းများတွင် ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီ စာသင်ခုံများနေရာချထားခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးအစီအမံများအား စီစဉ်ထားခြင်းနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ကျောင်းဝင်းသန့်ရှင်းရေးများ ကြိုတင်စီစဉ်ဆောင်ရွက်ထားခြင်း၊ ကျောင်းပတ်ဝန်း ကျင်လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ၊ ကျောင်းကော်မတီများ၊ ပြည်သူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သီရိအောင်(တကောင်း)