မြဝတီခရိုင်တွင် ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်

မြဝတီ  ဇွန်  ၃

၂၀၂၂ခုနှစ်၊ ဇွန်(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၁ နာရီကကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် မြဝတီခရိုင်ရုံးလက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မာမာရီက  ဇွန်(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ထားခြင်းကြောင့် ပြည်သူများပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ဆိုင်သော သိကောင်းစရာများ သိရှိလိုသောရည်ရွယ်ချက်ဖြင့်  ဆွေးနွေးပွဲပြုလုပ်ရခြင်းကို  ပြောကြားပေးပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်က ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်သည် “တစ်ခုတည်းသောကမ္ဘာမြေ”  “Only  One  Earth” ဖြစ်ကြောင်း၊  ၁၉၇၄ခုနှစ်မှစတင်၍  ဇွန်လ (၅) ရက်နေ့ရောက်တိုင်း  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားကြောင်း၊ ပတ်ဝန်းကျင်ဂေဟစနစ်များ၊ဇီဝမျိုးစုံမျိုးကွဲများကြောင့် သက်ရှိသတ္တဝါများ၊ အပင်များမပျက်စီးစေ ရန်ထိန်းသိမ်းရမည့် အချက်များ၊ ကမ္ဘာ့ကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ ရေထု၊ လေထုညစ်ညမ်းမှု၊ မြေဆီလွှာပြုန်းတီးမှုမှ ကာကွယ်ရမည့်အချက်များနှင့်  သစ် တော၊  သစ်ပင်များရှေရည် တည်တံ့ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကာကွယ်ရမည့်အချက်များကို  ဆွေးနွေးပြောကြားပေးခဲ့ ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)