ပန်းတောင်းမြိုနယ် သောင်ကြီးကျေးရွာတွင် အဌမအကြိမ်မြောက် ရန်ပုံငွေပေးအပ်ပွဲ ကျင်းပ

ပန်းတောင်း ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရေလည်ကျွန်းအုပ်စုသောင်ကြီး ကျေးရွာ ဓမ္မာရုံတွင် မြစိမ်းရောင် (အသားကဏ္ဍ) အဌမအကြိမ် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်သော ရေလည်ကျွန်းအုပ်စုသောင်ကြီးကျေးရွာ ဓမ္မာရုံတွင် မြစိမ်းရောင် (အသားဏ္ဍ) အဌမအကြိမ် ရန်ပုံငွေပေးအပ်ပွဲကို ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းမှ ရန်ပုံငွေနှင့် ပတ်သက်သော ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန် မှာကြားပြီး၊ ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ရွှေရည်ထူးမှ ထပ်ဆင့်အမှာစကား ပြောကြားကာ ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစောမြင့်ဦးမှ လုပ်ငန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီးနောက်   ရေလည်ကျွန်း အုပ်စုသောင်ကြီး ကျေးရွာမြစိမ်းရောင်ဥက္ကဋ္ဌ ဦးစစ်အောင်က အထွေထွေ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ရေလည်ကျွန်းအုပ်စုသောင်ကြီး ကျေးရွာနေ ပြည်သူများအတွက် ကျပ်(၅၅၆၈၀၀၀၀)ကို ပေးအပ်ခဲ့ပြီး မြစိမ်းရောင် (အသားဏ္ဍ) အဠမအကြိမ် ပေးအပ်ပွဲကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးလက်နေ ပြည်သူများ တက်ရောက်သူဦးရေ ၉၁ ဦးခန့် တက်​ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)