အမြို့မြို့အနယ်နယ်သတင်းများ

Dec 22,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
Dec 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပုလောမြို့နယ်ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Dec 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးများကို သတိပြုကာကွယ်ရန် ယမန်နေ့က မြို့‌ပေါ်ရပ်ကွက်များသို့ ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 22,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ မော်လမြိုင်မြို့ အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍" လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် ၁၁ နာရီ က လူထုအခြေပြုဗဟိုဌာန (CommunityCenter) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်တွင် ပညာ​ရေးဌာနက ကြီးမှူးကျင်းပ​သော ခရိုင်အဆင့် (၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများကို ယမန်​နေ့ နံနက် ၉ နာရီတွင် အမှတ်(၂) အ​ခြေခံပညာ အထက်တန်း​ကျောင်း လသာ၊ မြညီလာခန်းမ၌ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေး လမ်းညွှန်ချက် များနှင့် အညီ ကျင်းပသည်။
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Dec 22,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း တနိုင်းနှင့် ရှင်ဗွေယန်ဒေသများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် (၁၁)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
Dec 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက (၂၉၅၇၃) ဧက စိုက်ပျိုး သွားမည်ဖြစ်ကြောင်းနှင့် (၁၁၃၉၈)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။