တောင်တွင်းကြီး ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဌေးဌေး က စားသုံးသူရေးရာဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ရည်မှန်းချက်(၃)ရပ်၊ မျှော်မှန်းချက်(၅)ရပ်၊ စီးပွားရေးလုပ်ငန်းရှင်များ ဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူများ ရရှိမည့်အခွင့်အရေးများနှင့် အသိပညာဗဟုသုတများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)