အမြို့မြို့အနယ်နယ်သတင်းများ

Dec 22,2021
 ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်လျက်ရှိသည်။
Dec 22,2021
စစ်ကိုင်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ရဟန်း/ သံဃာများ၊ သီလရှင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 22,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာ ၁၁၀ အုပ်စုတွင် နေထိုင်ကြသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ဒီဇင်ဘာ၂၁ ရက်နေ့မှစတင်ထုတ် ပေးခဲ့ရာ ယနေ့ဒုတိယမြောက်နေ့အဖြစ် နံနက် ၇ နာရီမှစတင်ကာ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှသိရှိရသည်။
Dec 22,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဒီဇင်ဘာ ၂၁ရက်မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၈နာရီ မှ နေ့လည်၂ နာရီထိ ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူး ဦးဝင်းရှိန်က လာရောက်လေ့လာ ကြည့်ရူသူများအား ပြခန်းများကို လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
Dec 22,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ် (၁)ရပ်ကွက် မြို့မရပ်၌ ဆောင်ရွက်ခဲ့ကြသည်။
Dec 22,2021
ချင်းပြည်နယ်၊ ဟားခါးမြို့၌ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲမှစတင်ကာ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမနှင့် ကာလ်ဆင်နှစ်ခြင်းဘုရားကျောင်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက် ထားခဲ့သည်။