အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ပုသိမ်)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်ဌာန ဆိုင်ရာ များ တက်ရောက်ခဲ့ကြသည်။
Oct 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချလျက် ရှိသော မုန့်ဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ ရောင်းချ မှုရှိ/မရှိ ကွင်းဆင်းစစ်​ဆေးခြင်းနှင့် အသိပညာ​ပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ​ဒေါ်ချယ်ရီမြင့်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးပြီး အသိပညာ​ပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Oct 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ပင်စင်လစားများကို လစဉ်(၂၁)ရက်နေ့နောက်ပိုင်းတွင် ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်စင်လစာများကို ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Oct 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို နှစ်ပတ်လျှင်တစ်ကြိမ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)ရပ်ကွက်(ဖိုးပြန်ကုန်း)သို့ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Oct 26,2022
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ယ‌နေ့ နံနက် (၈) နာရီအချိန်က ဗထူးရပ်ကွက်နှင့် ကျားချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စည်ပင်သာယာမှု အေးချမ်းတည်ငြိမ်မှုများ ရရှိခံစားနိုင်ရန် အဓိကကျသော အချက်တစ်ခုသည်ကား ပညာရည်ထူးချွန်ပြောင်မြောက်မှုဖြင့် တိုင်းတာသောကြောင့်  လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်နှင့်ပညာရေး အသိပညာပေး Talk Show ကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပကြောင်းသိရသည်။
Oct 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများက တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရာမှ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။