အမြို့မြို့အနယ်နယ်သတင်းများ

May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲနှင့် စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 12,2022
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ယနေ့ နံနက် ၁၀:၀၀ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု သာယာဝှမ်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 12,2022
သမဝါယမနှင့်​ကျေးလက်ဖွံ့ဖြိုး​ရေဝန်ကြီးဌာန၊ ပြည်​ထောင်စုနယ်​မြေ၊ နေပြည်​တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူး​ပေါင်း၍ ​ခေတ်မီစံပြ​ကျေးရွာထူ​ထောင်​ရေးစီမံကိန်း ဆောင်ရွက်လျက်ရှိသော  ရှား​တော​ကျေးရွာအုပ်စု၊ ဂွေးပင်စံပြ​ကျေးရွာတွင် လူမှုကာကွယ်ရေးအစီအစဉ်အရ  ကျေးရွာနေပြည်သူများ မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေးဆိုင်ရာ အသိပညာများရရှိစေရန် မီး​ဘေးအန္တရာယ်ကာ ကွယ်​ရေး​ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ​အဆိုပါကျေးရွာရှိ ဘုန်း​တော်ကြီး​ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
May 12,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လာအိုနိုင်ငံမှ နေရပ်သို့ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားအမျိုးသား အမျိုးသမီးစုစုပေါင်း(၁၈၁)ကိုယမန်နေ့ နေ့လည် ၁၂ နာရီအချိန်၌ မော်တော်ယာဉ်များဖြင့် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
May 12,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်ပညာရေးမှူးရုံးတွင်ကျင်းပရာ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာအား ဒက္ခိဏခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါ်ခင်နှင်းယုနှင့် ဒေါ်ခင်သန္တာသိန်းတို့က စိုက်ထူပေးခဲ့သည်။
May 12,2022
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ ပိုက်ကျော်ခြင်း လူရွေးချယ်ရေးပြိုင်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ယမန်‌နေ့ မွန်းလွဲ ၁ နာရီက ဟိုပုံးမြို့၊ ကျောက်တိုင်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
May 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။