အမြို့မြို့အနယ်နယ်သတင်းများ

Oct 27,2022
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် နေကြာတိုးချဲ့စိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းမွန်‌စေရေး အထောက်အကူပြုစေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပျားမွေးမြူရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း
Oct 27,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ အိမ်မွေးတိရစ္ဆာန်များ ကူးစက်ရောဂါကာကွယ်ရေးနှင့် စနစ်တကျ မွေးမြူနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မိုင်းလွေကျေးရွာ၌ ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။
Oct 27,2022
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပိန်းတန်းရပ်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က နံရံစာစောင်နှင့် စာအုပ်စာစောင် ပြသကျင်းပခဲ့ကြောင်း သိရသည်။
Oct 27,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် နတ်ပုတီး-တောင်ဘို့လှ- ကံငယ် ကျေးလက်ကုန်ထုတ်လမ်းမှ ဒေသထွက်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို နေ့စဉ်နံနက် ၁၀ နာရီ ဝန်းကျင်မှစ၍ ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
Oct 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ အသားတိုးကြက်ကို တစ်နိုင် တစ်ပိုင်မွေးမြူ၍ တစ်ဖက်တစ်လမ်းမှ   မိသားစုအပိုဝင်ငွေရရှိကြောင်း အသားတိုးကြက်မွေးမြူသူ လွိုင်မြေရပ်ကွက်နေ စိုင်းခေး၏ ပြောဆိုချက်အရ  သိရသည်။
Oct 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်၊
Oct 27,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် မိုးဦးကာလက စတင်စိုက်ပျိုးထားသော ခြောက်လမြေပဲများ စတင်နှုတ်သိမ်းနေပြီ ဖြစ်ရာ အထွက်နှုန်းမှာအထူးကောင်းမွန်လျက်ရှိကြောင်းဒေသခံ မြေပဲစိုက်တောင်သူများထံမှသိရသည်။
Oct 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.လ.က ကျက်ဆူတောတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီးကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။