Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဗန်းမော်ခရိုင်အတွင်း၌ တောင်သူများအား မိုးရာသီစပါးစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေး
May 12,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ တောင်သူများအား မိုးရာသီစပါးစိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ် အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက် ၁၀ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဗန်းမော်ခရိုင် ဘဏ်ခွဲရုံး၌ မံစီမြို့နယ်မှ ဒေသခံတောင်သူ (၂၅)ဦးအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်
May 12,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များအား တိုင်းဒေသကြီး ကြက်ခြေနီ တပ်ဖွဲ့မှူးမှ ထပ်ဆင့်ရှင်းလင်းတွေဆုံ ဆွေးနွေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ ခြင်းနှင့် ပတ်သက်သော သဘောထားအမြင် ရှေ့ပြေးစစ်တမ်းများ ကောက်ယူခြင်းကို ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် ကြက်ခြေနီ အသင်းခွဲရုံးနှင့် အောင်ဇေယျခန်းမတို့တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းများဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရစ်ယာန်ဘာသာဝင် ဓမ္မဆရာများ၊ ကရင် စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင် ဓမ္မဆရာများ၊ ကရင်စာပေ၊ ယဉ်ကျေးမှုအဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ငပုတောမြို့တောင်ပိုင်း ရပ်ကွက်၊ မေတ္တာလမ်းရှိ အသင်းတော်ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အင်္ဂပူမြို့အခြေခံပညာ အထက်တန်းကျောင်း ငုရွှေဝါခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့၌ ခရီးသွားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ တစ်ပါတည်း ယူဆောင်သွားလာ ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေး
May 12,2022
ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ တစ်ပါတည်း ယူဆောင်သွားလာခြင်းရှိ/မရှိကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၊ မြို့တော်ခန်းမရှေ့၌ ယမန်နေ့ နေ့လယ် (၁)နာရီတွင် ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေး
May 12,2022
ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားကာ အလုပ်အကိုင်အခွင့် အလမ်းနှင့် နည်းပညာများ ရရှိလာကာ ဆင်းရဲနွမ်းပါးမှု လျော့ကျလာပြီး မြစိမ်းရောင်အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ယမန်နေ့များမှ စတင်ကာ ပုသိမ်မြို့နယ်များတွင် စီမံကိန်းစက်ဝန်း စတုတ္တအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ကျေးရွာအရောက် ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၊ ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၁၇)လုံးပြောင်းရွှေ့
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်၊ ငဝန်မြစ်ကမ်းပါးဘေး ပိုက်သောင်ကူးတို့ဆိပ်အနီး၌ ယနေ့ နံနက်(၁၀)နာရီခန့်က ငဝန်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး အဆိုပါ မြစ်ကမ်းဘေးရှိ ကမ်းပြိုအန္တရာယ် ကျရောက်နိုင်သည့် ဓနိမိုး၊ ထရံကာ၊ ဝါးခင်းနေအိမ် (၁၇)လုံးအား အချိန်မီ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18196
Page
18197
Page
18198
Page
18199
Current page
18200
Page
18201
Page
18202
Page
18203
Page
18204
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department