အမြို့မြို့အနယ်နယ်သတင်းများ

May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တွင် ယနေ့ နံနက်(၇) နာရီအချိန်ခန့်က ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမ ပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်သော စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား  ကျင်းပခဲ့သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.ထ.က(၁)ဓနုဖြူတွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade 5 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းတွင် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။
May 12,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဗန်းမော်ခရိုင် အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ခေတ်မီစံပြ‌ကျေးရွာ (SMART VILLAGE) အကောင်အထည်ဖော် ဆောင်ရွက်သည့် ဗန်းမော်မြို့နယ် မံရေးကျေးရွာ၌ ယနေ့ နံနက် ၁ဝ နာရီက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် မြိုနယ်အဆင့် သင်ရိုးသစ် Grade-5 ဆင့်ပွားသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီအချိန်တွင် ဒေါ်ပိုက်မိခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
May 12,2022
ကဆုန်လပြည့် (ဗုဒ္ဓနေ့) ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၁၀၃)ကြိမ်မြောက် ကဆုန်‌ညောင်ရေသွန်းပွဲတော်ကို အခမ်းအနားအစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပခဲ့သည်။
May 12,2022
၁၃၈၄ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင် ဆုတောင်းပြည့် မဟာမြတ်မုနိ ဘုရားကြီး သွန်းလောင်းတော်မူသော (၁၁၈) နှစ်မြောက် ရက်မြတ်မင်္ဂလာ ရောင်တော်ဖွင့် ပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။
May 12,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် သံဃာတော် (၁၀၈) ပါးအား အာရုဏ်ဆွမ်း လောင်းလှူပွဲကို ယနေ့ နံနက် (၆) နာရီ အချိန်က မင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။