အမြို့မြို့အနယ်နယ်သတင်းများ

May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၂) ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-8) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ နံနက်(၉)နာရီက ဒေါက်တာ ကျော်စိန်ရေးသားသည့် လူငယ်လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊‌ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့ကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများအား လူအင်အား၊ စက်ယန္တရားများဖြင့် ရေမြောင်းများအား ရေစီးရေလာ ကောင်းမွန်‌စေရေးတူးဖော်ခြင်းလုပ်ငန်းကို စာရေးကုန်းရပ်ကွက် မြူရုံးလမ်း၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-8 သင်ရိုးသစ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ အ.ထ.က(၁)ဓနုဖြူ (တေဇခန်းမ)၌ ကျင်းပခဲ့သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၉)နှစ်နှင့် အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 12,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စာရေးကွင်းကျေးရွာအုပ်စု စစ်ကုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်း၌ တတိယအကြိမ်မြောက် မြစိမ်းရောင်ချေးငွေ ထုတ်ချေးခြင်းကို စစ်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
May 12,2022
ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယနေ့  မွန်းလွဲ  ၁၂  နာရီက   ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် လူသားတို့နှင့် ပလတ်စတစ် အန္တရာယ်များ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။