Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်လတ်၌ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Oct 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် ကျောက်တံခါးမြို့နေ အထက်တန်းပြ ဆရာမကြီး(ငြိမ်း) ဒေါ်သန်းတိုးနှင့် မိတ်ဆွေများစုပေါင်း၍ မတည်လှူဒါန်းသော စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယနေ့နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက်၊ (၈)ဖြတ်လမ်းရှိ ပစ္ဆိမာရုံမဟာရွှေကျင်ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြေပုံမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတထိန်းသိမ်းရေးအတွက် ငါးသလောက်မ ဖမ်းဆီးရရာသီအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု
Oct 30,2022
ရခိုင်ပြည်နယ်အတွင်း ငါးသလောက်သယံဇာတ တားမြစ်ဧရိယာဖြစ်သည့် မြေပုံမြို့နယ် အုန်းကျွန်းခွဆုံမှ မင်းပြားမြို့နယ် မေလွန်းကျေးရွာအထိ မင်းကြောင်းမြစ်ကြောင်းဧရိယာ(၂၀၆၅)ဧကအတွင်း၌ ငါးသလောက်ဖမ်းဆီးခြင်းမပြုကြရန်နှင့် နှစ်စဉ်(ဧပြီ၊မေ)လများနှင့် စက်တင်ဘာ၊ အောက်တိုဘာလများတွင် ငါးသလောက်မဖမ်းဆီးရရာသီအဖြစ် တစ်နှစ်လျှင်နှစ်ကြိမ် သတ်မှတ်ထားကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့အတွင်းရှိ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Oct 30,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်များမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးအစည်းဝေးခန်းမ၌ (၂)ရက်ကြာကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5) စာမေးပွဲဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Oct 30,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယနေ့နံနက်(၈)နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦးမြို့နယ်များမှ မြို့နယ်ပညာရေးမှူးများ၊ ဒုတိယမြို့နယ်ပညာရေးမှူးများ၊ လက်ထောက်မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာမူလတန်းအဆင့်(Grade-5)အတန်းတွင် ပညာသင်ကြားနေသည့် ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် မိုးစပါးတစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိရေး စံကွက်ပေါင်း ၃၂၄၀ ကွက်ရိတ်သိမ်းမည်
Oct 30,2022
ကရင်ပြည်နယ်တွင် စိုက်ပျိုးထားသောမိုးစပါးများကို ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်ပေါင်း ၃၂၄၀ ကွက်ကို ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၀၇-ခ)၊ ဝါးဆူးကွင်းရှိ တောင်သူဒေါ်မူးဒီး၏ ဆင်းသုခ(၁ ဒဿမ ၄၀ ဧက)စိုက်ခင်း၌ကျင်းပသည့် မိုးစပါး စံကွက်ရိတ်သိမ်းပွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ
Oct 30,2022
နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကလပ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ…
Oct 30,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးပညာပေးလှုပ်ရှားမှုအဖြစ် Mask Campaign ပြုလုပ်ခြင်းကို၊ အောက်တိုဘာ(၃၀)ရက်နေ့ နံနက်(၇)နာရီက ဈေးကွက်သစ်ရပ်ကွက်၊ မြို့မစည်ပင်သာယာဈေးအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးစပါးစံပြစိုက်ကွက်များ တစ်ဧကတင်း ၁၀၀ ကျော်ထွက်ရှိမည့် အခြေအနေနှင့် တစ်နှစ်ပတ်လုံး သီးထပ်သီးနှံနေကြာအပါအဝင် တစ်နှစ်(၃)သီး…
Oct 30,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစံပြစိုက်ကွက်နှင့် မျိုးသန့်မျိုးစေ့ထုတ် စံပြစိုက်ကွက်များအတွင်း တစ်ဧကတင်း ၁၀၀ အထက် အထွက်နှုန်းတိုးပွားလာ မည့်အခြေအနေနှင့် သီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုနှင့် ရေအရင်းအမြစ်ရရှိရေးအတွက် ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18156
Page
18157
Page
18158
Page
18159
Current page
18160
Page
18161
Page
18162
Page
18163
Page
18164
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department